Saturday, November 17, 2012

ရေကြီး ရေတက်ပြီးခါစ လျှပ်စစ်အန္တရာယ်

ရေကြီး ရေတက်စဉ် စွန့်ခွာခဲ့သော အိမ်များသို့ ပြန်လည်ဝင်ရောက် နေထိုင်ရာတွင်

လျှပ်စစ်အန္တရာယ်

  • မီးခလုပ်များ၊ ဖြူးစ်များ အစရှိသည်တို့ကို ပိတ်ထားရန်၊ ဖြုတ်ချထားရန် ဦးစားပေး လုပ်ဆောင်သင့်ပါသည်။
  • ပျက်စီးနေသော ပြတ်တောက်နေသော မီးလိုင်းများ၊ လျှပ်စစ် အသုံးအဆောင်များကို ဖယ်ရှား ရှင်းလင်းထားသင့်ပါသည်။
  • ရေဝင်ထားသော၊ ရေစိုနေသေးသော၊ ရွှံဗွက်များ၊ အမှိုက်များ ဝင်နေသော လျှပ်စစ် အသုံးအဆောင် ပစ္စည်းများကို လုံးဝမသုံးသင့်ပါ။
  • ရေစုပ်မော်တာများသည် ရေစိုခံမဟုတ်ပါက ရေဝင်ထားလျှင် မသုံးသင့်ပါ။
  • လျှပ်စစ်ကျွမ်းကျင်သူ၊ တာဝန်ရှိသူများ၏ စစ်ဆေးပြီးစီးကြောင်း၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ကြောင်း မှတ်ချက် ခွင့်ပြုချက် မရရှိပဲ မည်သည့် လျှပ်စစ်ပစ္စည်မှ အသုံးမပြုကြစေရန် တိုက်တွန်းပါသည်။
အမျိုးကောင်းသား ဘလော့ဂ် မှ တစ်ဆင့်

No comments:

Post a Comment