လျှပ်စစ်
Saturday, November 17, 2012
ဝါယာရှော့ (အားအားရှိ ကြားရတဲ့သတင်း)
ပူပြင်းသော နွေရာသီအချိန်တွင် ၀ိုင်ယာ ရှော့ကြောင့် မီးလောင်မှု များမကြာခဏ ဖြစ်ပွားလေ့ရှိနေရာ ထိုကဲ့သို့ ဖြစ်ပွားခြင်း မှကာကွယ် ရန်အတွက် ၀ိုင်ယာကြိုးများ အရည်အသွေးပြည့်မီရန်နှင့် အိမ်ရှင် များဘက်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတို့ ကိုအထူး ဂရုစိုက် အလေး ပေးရန်လိုအပ်ကြောင်းလျှပ်စစ် ကျွမ်းကျင်သူပညာရှင် တစ်ဦးက အကြံပြုပြောကြားသည်။
ပြည်တွင်းဈေးကွက်ရှိ လျှပ်စစ် ၀ိုင်ယာကြိုးအများစုသည် သတ်မှတ် အရည်အသွေးများနှင့် မပြည့်မီသည့် အတွက် အပူချိန်တက်မှုကို ပိုမိုဖြစ်ပွား စေနိုင်ကြောင်း သိရသည်။
"ကြေးကြိုးတွေရဲ့ အရွယ်အစားက ဘယ်လောက်ရှိရမယ်ဆိုတာ သတ်မှတ် ချက်ရှိတယ်။ အဲဒီအတိုင်း မဖြစ်ကြဘူး။ တချို့က သတ် မှတ်တာရဲ့အောက်ကို ရာခိုင်နှုန်း ၄၀ လောက်အထိကွာတယ်။ ဒါကို တော်ရုံလူက မသိနိုင်ဘူး။ အပြင်မှာ ရေးထားတဲ့အတိုင်း အတွင်းက မဟုတ်တော့ အပူချိန်တက်စရာရှိရင် ပိုတက်တာပေါ့။ ၀ိုင်ယာကြိုးထဲက ကြေးကြိုးဟာ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ကြေး စစ်စစ်ဖြစ်ရမယ်။ နောက်ပိုင်း ဘာတွေ တွေ့လာရသလဲဆိုတော့ ကြေးကို ကြေးဝါနဲ့ သွပ်နဲ့ ရောထားတယ်။ ရှိရမယ့် အရွယ်အစားနဲ့ ကြေးရဲ့ အရည် အသွေးတွေက မပြည့်မီတဲ့အတွက် လျှပ်စစ်စီးကြောင်း စီးရာမှာ အဟန့် အတားဖြစ်တယ်။ အထဲက ကြေးက ကြေးစစ်စစ်မဟုတ်တော့ ခုခံမှု များတယ်။ လျှပ်စစ်စီးတာကို ခုခံမှုများရင် အပူချိန်တက်တယ်။ အဲဒီလို အရည် အသွေးမမီတာတွေကြောင့် သတ်မှတ် ထားတဲ့ လျှပ်စစ်စီးကြောင်းအတိုင်း ၀င်လာသည် ဖြစ်စေကာမူ အပူချိန်က ပိုတက်တယ်"ဟု Electrical & Electronics Manufacturing Co-op Society လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ ဦးဖေသိန်းက ရှင်းပြသည်။
သတိပြုဖွယ်ရာ လျှပ်စစ်လုပ်ငန်းများ

ယခုတစ်လော
လျှပ်စစ်လုပ်ငန်းများကြောင့် အဆောက်အအုံများဖြစ်စေ၊
အများပြည်သူကိုဖြစ်စေ မီးဘေး သို့မဟုတ် အသက်အန္တရာယ်တွေ့ကြုံခဲ့ရသည့်
ကိစ္စများကို မကြာခဏကြားသိကြရပါသည်။ လူပုဂ္ဂိုလ် များကိုလည်း
ရေမြောင်းအတွင်း ခြေချော်ကျသူမှအစ လျှပ်တာပြောင်းရုံအတွင်း
တူပုန်းတမ်းကစားသူကလေး ငယ်အပါအ၀င် အ၀တ်တန်းပေါ်သို့ အ၀တ်လှန်းသူကို
လည်းကောင်း၊ ဓာတ်တိုင် ပေါ်တက်၍ အလုပ်လုပ် ရသော လျှပ်စစ်ဝန်ထမ်း
ကိုလည်းကောင်း လျှပ်စစ် ငပွကြီး ကတော့ ကောင်း ကောင်း ဒုက္ခပေးနိုင်ခဲ့ပါ
သည်။
လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်
(မြ၀တီ(www.myawadi.com.mm) မှ အနည်းငယ် တည်းဖြတ်ပြီး တင်ပြပါသည်။)
လျှပ်စစ်
အန္တရာယ်သည် နွေ၊ မိုး၊ ဆောင်း အချိန်ကာလ မရွေး ဖြစ်ပွား နိုင်သောအရာ
ဖြစ်ပေသည်။ သတိမပြု မိလျှင် ဓာတ်လိုက် သေ ဆုံး နိုင်ပေသည်။ မြွေကိုက်လျှင်
ဆေးရှိ ပေသည်။ ဓာတ်လိုက် လျှင်တော့ ဆေး မရှိပေ။ အသက် ဆုံးရှုံး သွားနိုင်
ပေသည်။
လူအများသည်
လျှပ်စစ်ကို ပေါ့ပေါ့ တန်တန်ပင် သဘောထား ကြသည်။ နေအိမ်တွင် အိမ်သုံး
လျှပ်စစ်ကြိုး သွယ်တန်းရာတွင် နားလည် တတ်ကျွမ်းသော လျှပ်စစ် ဌာနမှ
ဝန်ထမ်းများကို ခေါ်ယူ
သွယ်တန်းခြင်း မပြုဘဲ အရပ်ထဲမှ လျှပ်စစ် သမားများကို သွယ်တန်း ခိုင်းလေ့
ရှိပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် မလိုလား အပ်သည့် လျှပ်စစ်
အန္တရာယ်များ ဖြစ်ပွားလေ့ ရှိပါသည်။ လျှပ်စစ်မီတာ တစ်လုံးသည် တပ်ဆင် ထားသော
ထိုအိမ် အတွက်သာ ဖြစ်ပြီး တခြားအိမ်များ အတွက် ဆင့်ပွား မသုံးသင့်ပေ။
သဘာဝဖြစ်စဉ်တစ်ခုရဲ့ လျှပ်စစ်(သို့)မိုးကြိုး
မိုးရာသီမှာ မိုးရွာတစ်ရက်၊ နေပူ တစ်ရက်လို့ ခေါ်ရ လောက်အောင် မိုးရွာချိန် နည်းနေ ပါတော့တယ်။ မိုးရာသီမို့ ဖြိုင်ဖြိုင် မရွာမယ့် သဘောများ ဆောင်နေသလား မသိ။ မိုးမရွာတဲ့ နေ့တွေမှာ နေက ပူလာ၊ မိုးငွေ့နဲ့မို့ ပူပူ အိုက်အိုက် နေကြ ရပါတယ်။ ဒီကာလတွေမှာ ကျွန်တော်တို့ နိုင်ငံဟာ အီကွေတာ နဲ့လည်း အတော် နီးနေချိန်မို့ နေက ပူစရာ ရှိရင် ပူမယ့် သဘောပဲ ဖြစ်ပါတယ်။ မိုးမရွာတဲ့ နေ့တွေဆို၊ နွေရာသီ တုန်းကလို ပူတတ် ပါတယ်။ ဒါကြောင့် Climate Change ခေါ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကို လက်တွေ့ တွေ့ကြုံ ခံစား နေကြ ရပါပြီ။ ခုတလော သတိထား မိတာက နေပူပူမှာ ရုတ်တရက် မိုးအုံ့လာပြီးချိန် " ဂျိမ်း" ခနဲ မိုးကြိုး ပစ်တတ် တာပါပဲ။ ကောင်းကင်မှာ ဝင်းလက် သွားပြီး တာနဲ့ ကြောက်စရာ အသံ ဟိန်းကြီးနဲ့ ပစ်ထည့် တော့တာပါပဲ။
ရေကြီး ရေတက်ပြီးခါစ လျှပ်စစ်အန္တရာယ်
ရေကြီး ရေတက်စဉ် စွန့်ခွာခဲ့သော အိမ်များသို့ ပြန်လည်ဝင်ရောက် နေထိုင်ရာတွင်
လျှပ်စစ်အန္တရာယ်
လျှပ်စစ်အန္တရာယ်
- မီးခလုပ်များ၊ ဖြူးစ်များ အစရှိသည်တို့ကို ပိတ်ထားရန်၊ ဖြုတ်ချထားရန် ဦးစားပေး လုပ်ဆောင်သင့်ပါသည်။
- ပျက်စီးနေသော ပြတ်တောက်နေသော မီးလိုင်းများ၊ လျှပ်စစ် အသုံးအဆောင်များကို ဖယ်ရှား ရှင်းလင်းထားသင့်ပါသည်။
- ရေဝင်ထားသော၊ ရေစိုနေသေးသော၊ ရွှံဗွက်များ၊ အမှိုက်များ ဝင်နေသော လျှပ်စစ် အသုံးအဆောင် ပစ္စည်းများကို လုံးဝမသုံးသင့်ပါ။
- ရေစုပ်မော်တာများသည် ရေစိုခံမဟုတ်ပါက ရေဝင်ထားလျှင် မသုံးသင့်ပါ။
- လျှပ်စစ်ကျွမ်းကျင်သူ၊ တာဝန်ရှိသူများ၏ စစ်ဆေးပြီးစီးကြောင်း၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ကြောင်း မှတ်ချက် ခွင့်ပြုချက် မရရှိပဲ မည်သည့် လျှပ်စစ်ပစ္စည်မှ အသုံးမပြုကြစေရန် တိုက်တွန်းပါသည်။
အမျိုးကောင်းသား ဘလော့ဂ် မှ တစ်ဆင့်
Subscribe to:
Posts (Atom)